Keylogger ဆိုတဲ့ ပရိုဂရမ်

Internet café ဆိုင်တွေမှာ သုံးသူများ အတွက် (သို့) သူများ PC မှာ သုံးတဲ့သူတွေ အတွက်ပါ။ သူများ ပတ်စ်ဝေါ့ယူမယ်၊ Gmail password hack မယ်ဆိုရင် connection ကျအောင်လုပ် gtalk က password တွေ အဖြစ်ပေါ်လာရင် သူတို့ပြောတဲ့ Software နဲ့ ကြည့်ပေါ့ဗျာ။ အင်း … အဲဒီထက် ကောင်းတဲ့ နည်းရှိတယ်ဗျ … see password လို့ ခေါ်တယ်။ သူ့ပရိုဂရမ်က မှန်လို ပုံစံလေးပါတယ်။ password နေရာမှာ မှန်ဘီလူးလို ကြည့်လိုက်ရင် ပေါ်ပြီပဲ။ portable လည်း ရှိပါတယ်။

ဒီထက်ပိုကောင်းတဲ့တခုကတော့ ကိုယ်အသုံးပြုတဲ့ ကွန်ပျူတာမှာ ရိုက်ထားသမျှကို မှတ်သားပေးထားတဲ့ Keylogger ဆိုတဲ့ ပရိုဂရမ်ပါပဲ။ Window စတက် ကတည်းက စပြီး အလုပ်လုပ်တယ်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေတယ်။ tray icon လည်း မပေါ်ဘူး။ ရှိမရှိ မသိရဘူးပေါ့ဗျာ။ သူက ခင်ဗျား keyboard မှာ ရေးလိုက်သမျှ၊ mouse နဲ့ နှိပ်သမျှတွေကို အချိန်နဲ့တကွ မှတ်ထားပေးတယ်ဗျ။ အဲဒါဆို ဘာတွေ ပါသွားမလဲ တွေးကြည့်လေ။ ပထမဆုံး gtalk sign in ၀င်မယ်ဗျာ။ သွားပြီ user name ရော ၊ password ရော။ နောက်ပြီးရင် ကိုယ့်ရင်းနှီးတဲ့သူတွေနဲ့ နှစ်ကိုယ်ကြားတွေ ပြောမယ်၊ ဒါမှမဟုတ် လုပ်ငန်းပိုင်းဆိုင်ရာတွေ ဆွေးနွေးကြမယ်။ တချို့တွေ credit card နံပါတ်တွေ ရိုက်မယ် အကုန်မှတ်သားထားတဲ့ Keylogger ပါခင်ဗျ။ ဘယ်လောက် ဆိုးသွားနိုင်မလဲ တွေးကြည့်ပေါ့။ အထူးသဖြင့် ဆိုင်ဘာကနေ သုံးရတဲ့လူတွေ အထူးသတိထားရပါ့မယ်။ All in 1 key-logger ဆိုရင် ဓါတ်ပုံတွေ၊ အသံတွေ၊ ဗီဒီယိုတွေကိုပါ မှတ်ပေးထားနိုင်ပါတယ်။ ကဲ အပြည့်အစုံကို လေ့လာမှတ်သားမယ်ဆိုရင် http://burmaitshare.blogspot.com/2010/09/password-keylogger.html မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်ခင်ဗျား။

အပတ်စဉ် နည်းပညာမိတ်ဆက် (၁)

Password နဲ့ ပတ်သက်လို့ သိထားသင့်သည်များ

ဒစ်ဂျစ်တယ် သက်ဝင်မှု ၀က်ဘ်ဆိုဒ် ကနေပြီး တပတ်တခါ ကွန်ပျူတာနဲ့ ပတ်သတ်တဲ့ အကြောင်းအရာ လေးတွေကို မိတ်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။ အခြား ကွန်ပျူတာ အကြောင်းအရာတွေ မျှဝေပေးနေတဲ့ ဘလော့ဘ်တွေ ၀က်ဘ်ဆိုဒ် တွေက တင်ထားတဲ့ ပို့စ်တွေနဲ့ ကွန်ပျူတာ လေ့လာသူတွေ အသုံးဝင်စေမယ့် ကွန်ပျူတာလေ့လာမှု အကြောင်းအရာ တွေကို ညွန်းဆို မိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခု တင်ပြမယ် ပထမဆုံး ခေါင်းစဉ်ကတော (Password နဲ့ ပတ်သက်လို့ သိထားသင့်သည်များ) ဖြစ်ပါတယ်။

Password နဲ့ ပတ်သက်တဲ့ သတိပေးတာတွေကို မကြာခဏ ကြားဖူးကြမှာပါ။ မိမိသုံးတဲ့ အီးမေးလ် Password ပဲ ဖြစ်ဖြစ် Microsoft Word file Password တွေကို အင်္ဂလိပ်စာလုံး အကြီးနဲ့ အသေးတွဲသုံးဖို့၊ နံပါတ်နဲ့ အက္ခရာ တွဲသုံးဖို့၊ # % & ! အစရှိတဲ့ Special Character တွေ ထည့်သုံးဖို့၊ အဘိဓာန် ထဲက စကားလုံးတွေ မသုံးဖို့၊ စာလုံး အရေအတွက် များများ သုံးဖို့၊ QWERTY လိုမျိုး အစဉ်လိုက် စာလုံးတွေ မသုံးဖို့ ဆိုတဲ့ သတိပေးချက်မျိုး တွေကို ကြားရတတ် ပါတယ်။ ဒါပေမယ့် ကွန်ပြူတာ အသုံးပြုသူ အများစုကတော့ ဘာအကြောင်းကြောင့် ဒီလို သတိပေးတယ် ဆိုတာကို သဘောမပေါက် ကြပါဘူး။ အလွယ်တကူ မှတ်လို့ မရအောင် အဲဒီလို လုပ်ခိုင်းတယ်လို့ပဲ ထင်တတ်ပါတယ်။

အပိုင်း (၃) လုံခြုံစိတ်ချရသော အီးမေးလ်

အပိုင်း (၃) လုံခြုံစိတ်ချရသော အီးမေးလ်

နည်းပညာခေတ်အတွင်း ရှင်သန်ရပ်တည်ခြင်း
Ono တင်ပြသည့် သတင်းသမားတို့ သိကောင်းစရာများ

ONO ဟာ ဒစ်ဂျစ်တယ်လောကမှာ ရှင်သန်ဖို.အတွက် ကူညီမယ့်လူစွမ်းကောင်းပါ။ နည်းပညာလုံခြုံရေး၊ အင်တာနက်လုံခြုံရေးနဲ. သတင်းရယူမှုတို့အတွက် ကူညီနိုင်ပါတယ်။ မင်းချန်ရစ်ခဲ့တဲ့ အွန်လိုင်းပေါ်က ခြေရာတွေကို မင်းသတိထားမိလား ?

ONO ရဲ. စိတ်လှုပ်ရှားဖွယ်ခရီးမှာ အတူလိုက်ပါဖို. အသင့်ပြင်ထားပါ။ ပြီးတော့ ကွန်ပြူတာတွေ၊ လက်ကိုင်ဖုန်းတွေ၊ အင်တာနက်နဲ. အခြားဆက်သွယ်ရေးပစ္စည်းတွေနဲ. ပက်သတ်ပြီး မင်းမှာရှိတဲ့ မေးခွန်းတွေရဲ. အဖြေကိုရှာပါ။

လက်ကိုင်ဖုန်း လုံခြုံရေးနဲ့ လျှို့ဝှက်ချက်

CH3_img9

လက်ကိုင်ဖုန်းများက ဒေတာ အများအပြားကို သယ်ဆောင်ပေးတယ်။ သင့်ရဲ့ အဆက်အသွယ်များ သာမက ခေါ်ဆိုချက်များနဲ့ လက်ခံမှု မှတ်တမ်းများ၊ သတင်းတိုများကို ပေးပို့ပြီး လက်ခံချက်များလည်း ပါဝင်တယ်။ ၄င်းတို့က သင့်အကြောင်းကို အများကြီး ဖော်ပြနိုင်တယ်။ ဥပမာ အားဖြင့် သင့်ရဲ့ လက်ကိုင်ဖုန်း အဆက်အသွယ်များ အားလုံးပါတဲ့ စာရင်းက သင်နဲ့အတူ လုပ်ဆောင်နေတဲ့ သူများအကြောင်းကို ဖေါ်ပြပေးပါတယ်။ အကယ်၍ သင်ဟာ နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ အရေးကြီးတဲ့ အမှုအခင်းတခုမှာ လုပ်ဆောင်နေတယ် ဆိုရင် ဒီအချက်ဟာ သင်နဲ့ သင်နဲ့လက်တွဲတဲ့ အယောက်တိုင်းကို အန္တရာယ် ရှိစေနိုင်ပါတယ်။

အရေးကြီးတဲ့ အခြေအနေများမှာ လက်ကိုင်ဖုန်းများကို သုံးပြီး ရိုက်ကူးတဲ့ ဗွီဒီယိုနဲ့ ဓါတ်ပုံများ ရိုက်ကူးခြင်းဟာ တဦးချင်းစီအတွက် ထင်ရှားတဲ့ လုံခြုံရေး အလေးထားစရာများ ဖြစ်တယ်။ အကယ်၍ ဖုန်းတလုံးကို အသိမ်းခံရတာ (သို့) အခြားသူများ ပါဝင်ပါတ်သက်စေတဲ့ ရိုက်ကူးချက်ကို တွေ့ရှိသွားရင်၊ ပိုင်ရှင်အတွက် အန္တရာယ် ဖြစ်စေနိုင်တယ်။ ဒါကြောင့် အချိန်တိုင်း သတိကြီးကြီး ထားရှိဖို့ လိုအပ်တယ်။ လက်ကိုင်ဖုန်း ကွန်ရက်ပေါ်မှာ အကြောင်းအရာကို ထုတ်လွှင့်တဲ့ အခါ လက်ကိုင်ဖုန်း ဝန်ဆောင်မှု ပံ့ပိုးသူများအား သီးခြား ဖုန်းများထဲမှ လှုပ်ရှားမှု မှတ်တမ်း အားလုံးကို လွှဲပြောင်းဖို့ ဖိအားပေးနိုင်တဲ့အတွက် သတိကြီးစွာ ထားဖို့ လိုအပ်တယ်။

လက်ကိုင်ဖုန်းဖြင့် ခရီးသွားခြင်း

CH3_img8

လက်ကိုင်ဖုန်းများဟာ ခရီးသွားတဲ့အခါ မယုံနိုင်အောင် အသုံးဝင်ပါတယ်။ သို့သော် အခြားနိုင်ငံ (နယ်ခြား) မှာ သင့်ရဲ့ဖုန်း သုံးစွဲခြင်းဟာ ဈေးကြီးနေနိုင်တယ်။

အကယ်၍ သင်ဟာ ခရီးသွားမယ် ဆိုရင် စိတ်ထဲထားရမယ့် အချို့ အချက်များ…

•   သင့်ရဲ့ လက်ကိုင်ဖုန်းဟာ တကယ် အလုပ်ဖြစ်သလား။ သင့်မှာ လှိုင်းခွင် လေးခုပါတဲ့ ဖုန်း တလုံးရှိရင်၊ ဒီအချက်ဟာ ပြဿနာတရပ် ဖြစ်မှာ မဟုတ်ဘူး (ဒီအချက်နဲ့ ပါတ်သက်ပြီး လှိုင်းခွင်များ အကြောင်းပါတဲ့ အပိုင်းကို ကြည့်ပါ)။•   သင့်ရဲ့ လက်ကိုင်ဖုန်းကို တခြား ကွန်ရက်တခုမှာ သုံးဖို့ ဘာ ပေးဆပ်ရမလဲ။ သင့်ရဲ့ လက်ကိုင်ဖုန်း ပံ့ပိုးသူက သင့်ရဲ့ ကွန်ရက်ကို ချန်ထားပြီး အခြားတခုကို သုံးစွဲတဲ့ အတွက် ပိုမြင့်တဲ့ တန်ဖိုးတခုကို တောင်းခံလိမ့်မယ်။ သင် မထွက်ခွါမီ ဖုန်းလက်ခံခြင်း၊ ဖုန်းခေါ်ဆိုမှုများနဲ့၊ သင့်ရဲ့ ခရီးပန်းတိုင်မှာ သတင်းတိုများ ပေးပို့ခြင်း၊ လက်ခံခြင်းတို့အတွက် မိနစ်အလိုက် ကုန်ကျငွေကို စစ်ဆေးပါ။ ဒေတာ တခုခု (သို့) အင်တာနက် ဝန်ဆောင်မှုများကို ပိုမြင့်တဲ့ နှုန်းနဲ့ တောင်းခံကြလိမ့်မယ်။ အကယ်၍ အဲဒီ ဈေးနှုန်းများဟာ သင့်အတွက် လက်လှမ်းမမီ ဖြစ်နေရင် ဒေသခံ SIM ကဒ်တခုကို သုံးစွဲရန် စဉ်းစားဖို့ လိုလိမ့်မယ်။

ဗွီဒီယို ရိုက်ခြင်း

CH3_img7

သင့်ရဲ့ လက်ကိုင်ဖုန်းကို သုံးပြီး ဗွီဒီယို ရိုက်ကူခြင်းကို တည်းဖြတ်ဖို့ ရည်ရွယ်ခဲ့ရင် ၄င်းကို အသွင်ပြောင်းဖို့ လိုအပ်လာပါလိမ့်မယ်။ လက်ကိုင်ဖုန်း အများစုက ဗွီဒီယို ရိုက်ကူးချက်များကို .mp4 အမျိုးအစားနဲ့ သိမ်းဆည်းထားပါတယ်။ ဒီဖိုင်များကို သင့်ရဲ့ ဝင်းဒိုး (ဝင်းဒိုး ရုပ်ရှင် တည်းဖြတ်ကိရိယာ) (သို့) မက် (iMovie) လည်ပတ်ရေးစနစ်မှာ ပါရှိပြီးသား ဖြစ်နိုင်တဲ့ ဗွီဒီယို တည်းဖြတ်ရေး ဆော့ဗ်ဝဲကို သုံးစွဲနိုင်ပါတယ်။ ဗွီဒီယိုများကို တည်းဖြတ်ဖို့ အခမဲ့ ကိရိယာများ အတွက် အချိတ်အဆက်များနဲ့ ဗွီဒီယို အမျိုးအစားများ အပါအဝင် ဗွီဒီယိုများ ဖန်တီးခြင်း၊ တည်းဖြတ်ခြင်းနဲ့ ပတ်သက်တဲ့ ပိုမိုတဲ့ အချက်အလက်များကို သတင်း ဆက်သွယ်ရေး-သေတ္တာရဲ့ ဗွီဒီယို အခန်း http://messbox.tacticaltech.org/section/10 မှာ ကြည့်ရှုပါ။

လက်ကိုင်ဖုန်း ဗွီဒီယို အရည်အသွေးဟာ (YouTube, Daily Motion and Facebook စတဲ့) လူမှုရေး မီဒီယာ ကွန်ရက်များပေါ် တင်ပို့ဖို့ တိုတောင်းတဲ့ ဗွီဒီယိုများကို ဖန်တီးရာမှာ လုံလောက်ပါတယ်။ ဒါပေမဲ့ အချို့ အဆင့်မြင့်တဲ့ ဖုန်းများဟာ တစက္ကန့်မှာ ဘောင် ၆၀၊ ထင်ရှား ပြတ်သားမှု ၁၂၈၀ ရှိတဲ့ အဆင့်မြင့် ကြည်လင်ပြတ်သားတဲ့ ဗွီဒီယိုကို ထုတ်လုပ်ပေး နိုင်စွမ်း ရှိကြပါတယ်။

Powered by WordPress| Free T-Mobile phones at BestInCellPhones.com. | Thanks to Verizon Wireless, Facebook Games and The diet solution
UA-20719192-1